Tuesday, November 15, 2011

ချစ်လို့ကြောက်နေတတ်ခဲ့သူ

ချစ်သူ...... :44

ငါ ချစ်တဲ့ နင် တစ်ယောက်ပျော်ရွှင်ဖို့ 

ငါ အားလုံးကို ဆုံးရှုံးခံရဲတယ် :48

နင် ငါ့ ကိုချစ်လာဖို့ ကိုလည်း

ငါ တိတ်တိတ်လေး မျှော်လင့်နေခဲ့ ဘူးတယ် ....။  :43

ငါ ချစ်ရတဲ့ နင့် ကို ...

မပိုင်ဆိုင်ချင်ခဲ့ ဘူးဆိုရင်

အဲဒီစကားဟာ  ငါ့ ရဲ့  မုသားဖြူ တခုပါ

ပိုင်ဆိုင်ချင်ခဲ့ တာ နင့် ကို

ငါ သိမ်းထားချင်ခဲ့ တာ ငါ့ အရုပ်လေးတွေလို

ရင်ထဲမှာပါ ....။ :44 

ဒါပေမဲ့ ..

လက်တွေ့ မှာတော့ နင့် အချစ်

နင့် ဂရုစိုက်မှု့  တွေကို လျှစ်လျှု ရှု့ ရင်းနဲ့ 

ဆက်ဆံတတ်တဲ့ ငါ့ ကို

နင်သတ်မှတ်တာက အချစ်မရှိတဲ့

မချစ်တတ်တဲ့ သူ တဲ့လား ..

စွပ်စွဲ ချက် က အရမ်းပြင်းလွန်းနေတယ် ချစ်သူ

ငါ မချစ်တတ်ခဲ့တာ မဟုတ်ပါဘူး

ချစ်လွန်းလို့  ငါ့ ကို နင် ထားသွားမှာကို

ကြောက်နေခဲ့ တာပါ  ချစ်သူ ရယ် .......။  


ချစ်တတ်သူ၇ဲ့အရှုံးများ

ချစ်သူ  ..... :44


အချစ်မှာ စချစ်မိတဲ့ သူကအရှုံးတဲ့


ငါ ကနင့်ကို အရင် စချစ်မိတော့



နင် နဲ့ ပတ်သက်ရင် အရာအားလုံး ကို ငါ ရှုံးတယ် ...။


ငါ ကတော့ အချစ်ကို


အနိုင်အရှုံး မတွက်ဘဲ နဲ့ 


အချစ် ကို အချစ် လိုပဲ ဖြူစင်စွာ



နင့် ကိုအရှုံး ပေးရင်း ချစ်နေချင်ခဲ့ တာပါ .....။  :48  






 

ရက်စက်ခဲ့တဲ့ချစ်သူ

အကြင်နာတွေပေးပြီး မင်းထွက်သွားတော့ 

ရင်မှာကြေကွဲမျက်ရည်ဝဲ ဒါတွေကိုလဲမင်းမသိဘဲ

ပြေးထွက်သွားတယ်အချစ်ရယ် ရက်စက်ခဲ့တဲ့ချစ်သူရယ်......