Tuesday, November 15, 2011

ချစ်လို့ကြောက်နေတတ်ခဲ့သူ

ချစ်သူ...... :44

ငါ ချစ်တဲ့ နင် တစ်ယောက်ပျော်ရွှင်ဖို့ 

ငါ အားလုံးကို ဆုံးရှုံးခံရဲတယ် :48

နင် ငါ့ ကိုချစ်လာဖို့ ကိုလည်း

ငါ တိတ်တိတ်လေး မျှော်လင့်နေခဲ့ ဘူးတယ် ....။  :43

ငါ ချစ်ရတဲ့ နင့် ကို ...

မပိုင်ဆိုင်ချင်ခဲ့ ဘူးဆိုရင်

အဲဒီစကားဟာ  ငါ့ ရဲ့  မုသားဖြူ တခုပါ

ပိုင်ဆိုင်ချင်ခဲ့ တာ နင့် ကို

ငါ သိမ်းထားချင်ခဲ့ တာ ငါ့ အရုပ်လေးတွေလို

ရင်ထဲမှာပါ ....။ :44 

ဒါပေမဲ့ ..

လက်တွေ့ မှာတော့ နင့် အချစ်

နင့် ဂရုစိုက်မှု့  တွေကို လျှစ်လျှု ရှု့ ရင်းနဲ့ 

ဆက်ဆံတတ်တဲ့ ငါ့ ကို

နင်သတ်မှတ်တာက အချစ်မရှိတဲ့

မချစ်တတ်တဲ့ သူ တဲ့လား ..

စွပ်စွဲ ချက် က အရမ်းပြင်းလွန်းနေတယ် ချစ်သူ

ငါ မချစ်တတ်ခဲ့တာ မဟုတ်ပါဘူး

ချစ်လွန်းလို့  ငါ့ ကို နင် ထားသွားမှာကို

ကြောက်နေခဲ့ တာပါ  ချစ်သူ ရယ် .......။  


No comments:

Post a Comment